Gas မီးဖိုနဲ့ ချက်သူများ သတိထားစရာ
သင်ဟာ ဓာတ်ငွေ့ကိုသုံးပြီး ချက်ပြုတ်နေသူတစ်ယောက်ဆိုရင်တော့ ဒီစာလေးကိုဂရုတစိုက်ဖတ်ပြီး မှတ်သားစေချင်ပါတယ်… ဒီလိုအဖြစ်အပျက်ဟာ အိမ်ထောင်စုအများစုမှာ ဖြစ်တတ်တဲ့အမှားဖြစ်လို့ သင့်အနေနဲ့ ဒီလိုမျိုးမကြုံရအောင် လုပ်ဆောင်ထားရပါမယ်…
အိမ်တစ်အိမ်ရဲ့ မီးဖိုချောင်ထဲမှာ အိမ်ရှင်မတစ်ယောက်ဟာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်ဆိုးတစ်ခုဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်…
ဘယ်လိုဖြစ်သလဲဆိုတော့ ဓာတ်ငွေ့အိုးနဲ့ ဟင်းချက်နေတုန်းမှာဖြစ်ပါတယ်… အမျိုးသမီးဟာ ပန်းကန်ဆေးစင်နားမှာ ပိုးဟပ်တွေကိုတွေ့ပါတယ်… ဒါကြောင့် insect killer တစ်ဗူးကို ဆွဲယူပြီး ချက်ပြုတ်နေတဲ့ ဓာတ်ငွေ့မီးဖိုနားမှာ ဖြန်းမိခဲ့ပါတယ်…
ချက်ချင်းဆိုသလို ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသမီးကို မီးတောက်တွေက တမဟုတ်ချင်းဝါးမြိုသွားပါတယ်… သူမခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းခံလိုက်ရပါတယ်…
သူမရဲ့အမျိုးသားဟာ အလောတကြီးပြေးလာခဲ့ပြီး မီးငြိမ်းသတ်ဖို့ကြိုးစားခဲ့ပါတယ်… သူ့အဝတ်အစားတွေလည်း မီးလောင်ခံလိုက်ရပါတယ်…. အမျိုးသားဖြစ်သူကတော့ ဆေးရုံကိုအချိန်မီပို့ဆောင်နိုင်ပြီး ကုသမှုခံခဲ့ရပေမဲ့ သူ့ဇနီးဖြစ်သူ ဆေးရုံရောက်တာနဲ့ သေဆုံးကြောင်းကြားရတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ရပါတယ်….
နားလည်ထားရမှာက insect killer spray တွေမှာ အငွေ့ပျံလွယ်ပြီး မီးလောင်လည်းလွယ်တဲ့ ငွေ့ရည်တွေပါဝင်ပါတယ်… (insect killer တွေတင်မကပါဘူး… Air Freshener တွေ… အရက်ပြန်နဲ့ မီးလောင်လွယ်တဲ့ တခြား spray တွေအကုန်လုံးကိုလည်း သတိထားရပါမယ်…)
ဒါတွေနဲ့ ဖြန်းလိုက်တဲ့အခါမှာ သေးငယ်တဲ့ အမှုန်အစက်လေးတွေအဖြစ် ခွဲဖြာပြီး အလျင်အမြန်ပျံ့နှံ့သွားပါတယ်… ဒီအထဲက အစက်တစ်စက်ကို မီးညှိလိုက်ရုံနဲ့တင် လေထဲမှာရှိတဲ့ အောက်ဆီဂျင်၊ မီးဖိုးကထွက်တဲ့ ဓာတ်ငွေ့တို့နဲ့ ရောစပ်ပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်…
ဒါကြောင့် သင့်မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာပေးဆွေးနွေးတာမျိုး ဖြန့်ဝေတာမျိုး တတ်နိုင်သလောက်လုပ်ပေးပါ… လူ့အသက်ပေါင်းများစွာကယ်တင်နိုင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပါတယ်….
Ref: Daily Health Tips
ရေချိုးနည်း
-ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။
-တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှတကိုယ်လုံး ရေချိုးပါ၊...
-ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို
ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေမျက်စိကိုမရောက်အောင်အကာကွယ်
ပြုတာပါ၊
-ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင်ရေမချိုးပါနဲ့။
-ရေချိုးရင် ဖျားတာက အပူရှိလို့အပူငုတ် အပူရှပ်ချင်တာပါ။
-အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။
-ထမင်းစားပြီး ရေမချိုးသင့်ပါ။
-ရေမချိုးခင် ရေဝအောင် သောက်ပါ။
-ရေချိုးပြီးရင်ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”
ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ
နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး
အဆိပ်အတောက်တွေ ထွက် ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။
ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို
Sodium bicarbonate (ဆော်ဒါ) ပါ တဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။
နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။
USB Memory Stick တစ်ချောင်း အသေးစိတ် လေ့လာခြင်း
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။
5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional)
LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional)
Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
Ref: wiki
FACEBOOK ပေါ် ပေါက် လာ ပုံ
ယနေ့လူတိုင်းလောက်နီးနီးfacebookသုံးနေကြပါတယ်။လူငယ်တွေသာမက၊လူကြီးတွေပါသုံးနေကြပါတယ်။ကမ္ဘာမှာလူကြိုက်အများဆုံးsocial networkတခုဖြစ်ပါတယ်။
ဒါပေမဲ့၊facebookဘယ်လိုပေါ်လာသလဲဆိုတာ၊လူတော်တော်များများမသိကြပါ။
Facebook.comပေါ်ပေါက်လာပုံက၊စိတ်ဝင်စားစရာကောင်းတာမို့၊တင်ပြလိုက်ပါတယ်။The Social Networkဆိုတဲ့ Hollywood ရုပ်ရှင်ကားကိုကြည့်ဖူးသူတွေတော့သိကြမှာပါ။
Facebookကိုတီထွင်ခဲ့သူက၊Mark_Zuckerberg-ဇတ်ကားဘတ်ဆိုတဲ့အမေရိကန်လူငယ်လေးတယောက်ပါ။သူ့ကို၊၁၉၈၄ခုနှစ်မှာအမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်ကWhite_Plainsမြို့လေးမှာမွေးဖွားခဲ့ပါတယ်။
၁၂နှစ်အရွယ်၊အလယ်တန်းကျောင်းသားဘဝကတဲက၊ကွန်ပြူတာ programmingလေးတွေရေးတတ်နေပါပြီ။အစတော့၊သူ့အဖေကအခြေခံprogrammingလေးတွေသင်ပေးပါတယ်။နောက်တော့၊software_developerတယောက်ငှါးပြီး၊သူ့ကိုသင်ပြခိုင်းပါတယ်။ကျောင်းမှာ၊သူ့သူငယ်ချင်းတွေကစားဖို့Computer game software တွေကိုသူကရေးပေးပါတယ်။
၂၀၀၃ခုနှစ်၊အောက်တိုဘာလမှာသူအသက်၂၀ရှိပြီး၊Harvardတက္ကသိုလ်ဒုတိယနှစ်တက်နေတုံး၊သူwebsiteတခုတည်ဆောက်ပါတယ်။websiteနာမည်က၊facemashပါ။Harvardတက္ကသိုလ်ကျောင်းသားတွေအတွက်ပဲရည်ရွယ်ခဲ့တာပါ။
အဲဒီwebsiteထဲဝင်ကြည့်သူဟာ၊တချိန်မှာဓာတ်ပုံ၂ပုံကိုယှဉ်ကြည့်နိုင်ပြီး၊ဘယ်သူကhotဆွဲဆောင်မှုရှိတယ်၊ဘယ်သူကတော့not_hotဆွဲဆောင်မှုမရှိဘူးဆိုတာရွေးချယ်လို့ရတယ်။ဆွဲဆောင်မှုအဆင့်အတန်းrankingပေးလို.လဲရတယ်။နောက်ဆုံးမှာဘယ်ကျောင်းသား(သို့မဟုတ်)ဘယ်ကျောင်းသူဟာhotဆွဲဆောင်မှုအရှိဆုံးလဲဆိုတဲ့ကစားနည်းပါ။သူ့websiteဟာ၊ချက်ခြင်းပဲ၊ကျောင်းသားတွေကြားမှာအရမ်းရေပမ်းစားသွားပါတယ်။
တပါတ်အကြာမှာ၊တက္ကသိုလ်အာဏာပိုင်တွေက၊သူ့ကိုခေါ်တွေ့ပြီး၊သူ့websiteကိုချက်ခြင်းပိတ်ပစ်ဖို့ပြောတယ်။တက္ကသိုလ်ကလဲ၊ထုတ်ပစ်မယ်လို့ပြောပါတယ်။
သူ့ရဲ့အပြစ်က၊သူ့websiteမှာတင်တဲ့ကျောင်းသူ၊ကျောင်းသားတွေရဲ့ဓာတ်ပုံတွေကိုတက္ကသိုလ်ရဲ့ကွန်ပြူတာnetworkကိုheckလုပ်ပြီး၊ခိုးယူခဲ့လို့ပါပဲ။ကျောင်းသားတွေက၊သူတို့ဓါတ်ပုံတွေကိုခွင့်ပြုချက်မယူပဲ၊သုံးတယ်လို့အာဏာပိုင်တွေကိုတိုင်ကြားခဲ့တာကိုး။
Zuckerbergဟာ၊တက္ကသိုလ်မှာလူသိရှင်ကြားတောင်းပန်လို့၊အာဏာပိုင်တွေက၊ခွင့်လွှတ်ပေးလိုက်ပါတယ်။
သိတ်မကြာခင်မှာ၊သူတက္ကသိုလ်ဆက်မတက်တော့ပဲ၊သူ့facemashကိုThefacebookလို့အမည်ပြောင်းလိုက်ပါတယ်။၆ပါတ်အကြာမှာ၊သူ့ထက်အတန်းကြီးတဲ့seniorကျောင်းသား၃ယောက်က၊သူတို့ရဲ့ideasစိတ်ကူးစိတ်သန်းတွေကိုခိုးယူသုံးထားတယ်ဆိုပြီး၊တရားရုံးမှာတရားစွဲပါတယ်။နောက်ဆုံးမှာ၊Zuckerbergက၁.၂သန်းတန်တဲ့facebookရှယ်ယာတွေပေးမယ်ဆိုလို့၊အမှုကကျေအေးသွားကြပါတယ်။The_Social_Networkရုပ်ရှင်ဟာ၊တရားရုံးမှာအမှုဖြစ်နေတာကိုအဓိကရိုက်ပြထားတာပါ။
သိတ်မကြာခင်မှာပဲ၊Thefacebookကနေ၊ဒီနေ့အများသိကြတဲ့Facebookလို့နာမည်ပြောင်းလိုက်ပြန်တယ်။နိုင်ငံကန့်သတ်ချက်မရှိပဲ၊ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးလွတ်လွတ်လပ်လပ်ဆက်သွယ်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ။
အခုZuckerbergဟာ၊အသက်၃၀ပဲရှိပါသေးတယ်။ယနေ့သူရဲ့ပိုင်ဆိုင်မှုဟာ၊အမေရိကန်ဒေါ်လာ၂၃ဘီလီယံခွဲပါတဲ့ခင်ဗျာ။ကြားတဲ့လူတွေယုံနိုင်စရာတောင်မရှိပါဘူး။
၂၀၀၈ခုနှစ်၊သူအသက်၂၃နှစ်အရွယ်မှာပဲ၊ကမ္ဘာ့အသက်အငယ်ဆုံးသန်းကြွယ်သူဋ္ဌေးworld's_youngest_billionaireအဖြစ်၊ကမ္ဘာကျော်Forbesမဂ္ဂဇင်းကြီးကသတ်မှတ်ခံခဲ့ရပါတယ်။၂၀၁၀ခုနှစ်မှာ၊ကမ္ဘာကျော်Time_magazineကြီးရဲ့Man_of_the_Yearအဖြစ်သူ့ပုံကိုမျက်နှာဖုံးမှာဖော်ပြခံခဲ့ရပါတယ်။
ယနေ့၊ကမ္ဘာမှာသူ့ရဲ့facebookသုံးနေကြသူစုစုပေါင်း၁.၃ဘီလီယံရှိနေပါပြီ။Zuckerbergဟာ၊facebookကိုစတင်တီထွင်တုံးက၊ဒီလောက်ထိအောင်မြင်လိမ့်မယ်လို့မထင်ခဲ့ပါဘူး။ဒီလောက်ထိချမ်းသာလာလိမ့်မယ်လို့လဲအိပ်မက်တောင်မက်မိခဲ့မယ်မထင်ပါဘူး။သူဝါသနာပါတဲ့အလုပ်ကိုနေ့မအားညမအားလုပ်ရင်းနဲ့ဒီအခြေအနေဖြစ်လာတာပါ။
မှတ်ချက်။ အချက်အလက်တွေကို၊အင်တာနက်ကရှာဖွေခဲ့ပါတယ်။
Credit -TheinPe(သိန်းဖေ)




